ကလောမြို့နယ်၌ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ်

 


MNP - ဇွန်   ၂၂


ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်း၍ဝန်ထမ်းများသည်ပြည်သူများနှင့်ဆက်ဆံဆောင်ရွက်ရာတွင် ပြည်သူ့ဆက်ဆံရေးသိရှိနားလည်ပြီးလုပ်ငန်းခွင် လက်တွေ့ ဆောင်ရွက်မှုကို အထောက်အကူပြုစေရန်နှင့် ကျွမ်းကျင်မှန်ကန်၊ မြန်ဆန်စေရန် ရည်ရွယ်ချက်များဖြင့် ယမန်‎နေ့က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ရုံးခွဲ(အောင်ပန်း)မြို့၌ ပြည်သူ့ဆက်ဆံရေး သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။


ရှေးဦးစွာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ရုံးခွဲ(အောင်ပန်း) မြို့မှဦးစီးအရာရှိ ဒေါ်ထားထားညွှန့် က သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင် က ပြည်သူ့ဆက်ဆံရေးဘာသာရပ်ဖြစ်သည့် ပြည်သူ့ဆက်ဆံရေး၏ အဓိပ္ပါယ်၊ပြည်သူ့ဆက်ဆံရေး၏ သဘောသဘာဝ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွင် သတိပြုရမည့်အချက်များ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွင် ဆိုးကျိုးဖြစ်စေသည့်အချက်များ၊ စသည့်တို့ကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါသင်တန်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ရုံးခွဲ (အောင်ပန်း)မြို့ရှိ ဝန်ထမ်းများ တက်ရောက်သင်ကြား လျက်ရှိပြီး သင်တန်းကာလကို ဇွန်လ ၂၀ ရက်နေမှစ၍ နှစ်ပတ်အကြာသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)