ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူးချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅) သိန်းအား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူးချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅) သိန်းအား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ


MNP - ဇွန်  ၂၄


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန လေးဒေါင့်ကန် ငါးလုပ်ငန်းစခန်းမှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူးချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅) သိန်းအား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို မစိုရိုးချောင်းတံတားအနီး၌ ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ငါးမျိုးစိုက်ထည့်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းမှူး ဦးတင့်လွင်က ငါးမျိုးစိုက်ထည့်ရခြင်း ရည်ရွယ်ချက်မှာ သဘာဝမြစ်ချောင်း၊ အင်းအိုင်များတွင် တိုင်းရင်းငါးတွေရှားပါးမှုမဖြစ်စေရန်၊ ငါးသားပေါက်တွေကို ငါးမျိုးစိုက်ထည့်ရခြင်း ဖြစ်ကြောင်း၊ ယခုလို ငါးသားပေါက်တွေ ငါးမျိုးစိုက်ထည့်ပေးခြင်းဖြင့် ရေပြင်သဘာဝမြစ်ချောင်း၊ အင်းအိုင်နှင့် ဆက်စပ်ရေပြင်တွေမှာပါ ငါးသားပေါက်တွေ ရှင်သန်ကြီးထွားလာမယ်၊ ငါးထုတ်လုပ်မှုတိုးပွားလာမယ် ဒေသမှာရှိတဲ့ ငါးဖမ်းစားသည့် ပြည်သူတွေအတွက်လည်း အလုပ်အကိုင်အခွင့် အလမ်းတွေရလာမယ်။


ဝင်ငွေတိုးလာစေရန်ရည်ရွယ်ပြီး ငါးမျိုးစိုက်ထည့်ပေးခြင်းဖြစ်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မစိုရိုးချောင်းတံတား အနီးမအူးချောင်း အတွင်းသို့ ငါးမြစ်ချင် (၂•၅) သိန်းနှင့် ငါးခုံးမကြီး (၂•၅) သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၅) သိန်းတို့ကို ငါးမျိုးစိုက် ထည့်ပေးခြင်းဖြစ်ကြောင်း ဆက်လက်၍ ငါးမျိုးစိုက်ထည့်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းမှူး ဦးတင့်လွင်နှင့် ဝန်ထမ်းများ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သက်ဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်၍ ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ပေးခြင်းနှင့်အတူ အခမ်းအနားသို့ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)