စဉ့်ကူးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူ ၅၃၂ ဦးရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူ ၅၃၂ ဦးရှိ



MNP ၊ ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ် နှင့်အညီ ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၆ ရက်နေ့မှစ၍ ယနေ့အထိ ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၁ ရက်နေ့တွင် စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံသူ ၅၃၂ ဦးရှိကြောင်း သိရသည်။


စဉ့်ကူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (၈)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ (၅)ကျောင်း၊ မူလတန်းလွန် ကျောင်း (၁၉)ကျောင်း၊ မူလတန်းကျောင်း (၇၀)ကျောင်း၊ မူလတန်းကျောင်း-ခွဲ (၁)ကျောင်း၊ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း (၉)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်း (၁၀) ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၁၄၀)ကျောင်းရှိပြီး KG တန်းမှ GRADE-11 အထိ သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင် ဆရာ၊ ဆရာမ များမှ ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ် များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)