MNP ၊ ဇွန် ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို သံတွဲခရိုင်ရုံး၊အနုပညာခန်းမတွင်ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတွင် ငပလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သန်းနုက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် တွေ့ကြုံရမည့် ဆိုးကျိုးအန္တရာယ်တွေကို သိရှိစေရန် ပြသဆောင် ရွက် ခြင်းဖြစ်ကြောင်းတို့ကို တက်ရောက်လာကြသည့် ကျောင်းသူကျောင်းသားများသို့ ပြောကြားသည်။ ထို့နောက် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်အား ပြသဆောင်ရွက်ရာ တက်ရောက်သူဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment