ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ သီးနှံများ စိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေများ ဆက်လက်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ သီးနှံများ စိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေများ ဆက်လက်ထုတ်ပေး




MNP - ဇွန်   ၂၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျောက်မဲမြို့နယ်အတွင်းရှိ စပါး၊ ပြောင်းဖူးစိုက်ပျိုးမည့် တောင်သူများအား မိုးရာသီ‌ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က ပန်လော့နှင့်ကျွဲကုန်းကျေးရွာအုပ်စုများရှိတောင်သူအား ကျောက်မဲမြို့နယ်၊ သမဝါယမအသင်းစုခန်းမ၌ မိုးရာသီ ချေးငွေများထုတ်ပေးခဲ့ကြောင်း သိရသည်။


ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ ၂၀၂၂ ခုနှစ်တွင် ကျောက်မဲမြို့နယ်ရှိ ကျေးရွာ ၂၂ အုပ်စုမှ  တောင်သူ ၁၈၀၀  ဦးတို့အား စပါး၊ ပြောင်းဖူးစိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေ စုစုပေါင်းငွေကျပ်သိန်း ၁၂၀၀၀/-  (ကျပ်သိန်းတစ်‌သောင်း နှစ်ထောင်)ထုတ်ချေးရန် လျာထားခဲ့ပြီး ယမန်နေ့တွင် ပန်လော့ကျေးရွာအုပ်စုမှ တောင်သူ ၃၄ ဦးနှင့် ကျွဲကုန်းကျေးရွာမှ တောင်သူ ၁၂၈ ဦးတို့အား စပါး ၊ ပြောင်းဖူး စိုက်ပျိုးရန်အတွက်  မိုးရာသီချေးငွေပေါင်း ၁၀၈၉၅၀၀၀၀/- ကျပ်( တစ်ထောင့်ရှစ်ဆယ့်ကိုးသိန်း ငါးသောင်းကျပ်) ထုတ်ချေးခဲ့ကြောင်း ၊ ယနေ့အထိ ကျေးရွာအုပ်စု ၁၈ အုပ်စုရှိ တောင်သူ ၁၃၂၇ ဦးအား မိုးရာသီချေးငွေ  ကျပ်သိန်းရှစ်ထောင့်သုံးရာကျော် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းကျန်ရှိသူများကိုလည်း ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။


စပါးစိုက်ခင်း တစ်ဧကလျှင် ငွေ ၁၅၀၀၀၀/- ကျပ်(တစ်သိန်းငါးသောင်းကျပ်)နှုန်း၊ ပြောင်းဖူးတစ်ဧကလျှင် ငွေ ၁၀၀၀၀၀/-ကျပ်(တစ်သိန်းကျပ်)နှုန်းဖြင့် ထုတ်ချေးလျက်ရှိပြီး အတိုးနှုန်းမှာ  ၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အဆိုပါချေးငွေများကို ၃၁-၃-၂၀၂၃ ရက်နေ့တွင် နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


သတင်း - မိုင်းထွန်း


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)