ဘုတ်ပြင်းမြို့နယ် အတုလာဓိပတိမဟာမုနိ ရွှေသာလျောင်းဘုရားပေါ်တွင် စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့နယ် အတုလာဓိပတိမဟာမုနိ ရွှေသာလျောင်းဘုရားပေါ်တွင် စုပေါင်းဆောင်ရွက်

 


MNP - ဇွန်   ၁၁


တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ အပတ်စဉ်စုပေါင်းသန့်ရှင်းရေးကို စနေနေ့စဉ်တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က အောင်မင်္ဂလာရပ်ကွက်ရှိ အတုလာဓိပတိမဟာမုနိ ရွှေသာလျောင်းဘုရားပေါ်တွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ဘုရားရင်ပြင်သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် စောင်းတန်းတို့တွင် သစ်ပင်ခြုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)