ဇေယျာသီရီမြို့နယ်ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ လာရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရီမြို့နယ်ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ လာရောက်ကြည့်ရှု





MNP - ဇွန်   ၃


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်  ယမန်နေ့က စတင်ဖွင့်လှစ်၍ အေးချမ်းစွာပညာသင်ကြား နေမှုနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ယမန်နေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ကြည့်ရှုစစ်ဆေးရာတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံညာအထက်တန်းကျောင်း စတင်ဖွင့်လှစ်၍ အေးချမ်းစွာပညာသင်ကြားနေမှုနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုစစ်ဆေးရာ ဥတ္တရခရိုင်  ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေယံအောင်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများက ကျောင်းစတင်ဖွင့်လှစ်သင်ကြားနေမှုများနှင့်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား လိုက်လံရှင်း လင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကာကွယ်ဆေးထိုးနှံနေသည့် ကျောင်းသား/ ကျောင်းသူများအား အားပေးစကားပြောကြားခဲ့သည်။                  


ဇေယျာသီရိမြို့နယ်တွင် ကျောင်းအခြေပြုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်နှင့် ၁၂ နှစ်ကြားထိုးနှံပေးလျက်ရှိရာ ဇေယျာသီရိမြို့နယ်တွင် ဇွန်လ ၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)