ဂွမြို့နယ်တွင်အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး မိဘအုပ်ထိန်းသူများအား ကြိုတင်သိရှိစေရေးအသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင်အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး မိဘအုပ်ထိန်းသူများအား ကြိုတင်သိရှိစေရေးအသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်




MNP ၊ ဇွန် ၂

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိသော  ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေးမိဘအုပ်ထိန်းသူများအား ကြိုတင်သိရှိစေရေးအသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက  မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပညာပေး  နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင်   မြို့နယ်အတွင်းအသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိသော ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရခြင်း၏ အကျိုးကျေးဇူး၊ ထိုးနှံမည့် အစီအစဉ်၊ ဖြစ်ပေါ်လာနိုင်သည့် ကာကွယ်ဆေး၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ၊ ဂွမြို့နယ်အနေဖြင့်  ဇွန်လ(၂)ရက်နေ့၊ နေ့လည်၁နာရီခွဲတွင် ဂွမြို့ အ.ထ.က စုရပ်၌ အ.ထ.က(ဂွ)နှင့် မူလွန်(ရွာမ) ကျောင်းများမှ  Grade-4/Grade-5/Grade-6 အတန်းများမှ ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ ကျိန္တလီ အ.ထ.က စုရပ်၌ အ.ထ.ကကျိန္တလီနှင့် ကျိန္တလီမူလွန် အမှတ်-၅ ကျောင်းများမှ Grade-4/Grade-5/Grade-6 ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း ကာကွယ်ဆေးများ စတင်ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့်  မိဘ၊အုပ်ထိန်းသူများက သဘောတူခွင့်ပြုမှသာ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ မိဘ အုပ်ထိန်းသူများက ကာကွယ်ဆေးထိုးရန် လာရောက်ပါက မှတ်ပုံတင်ပါ တစ်ပါတည်း ယူဆောင်လာကြပါရန်နှင့် ကာကွယ်ဆေး မထိုးနှံရသေးသော်လည်း ကျောင်းတက်လက်ခံခွင့်ပြုသွားမည်ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)