ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရန် ၁၉၇၁ စင်တီမီတာရောက်ရှိလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရန် ၁၉၇၁ စင်တီမီတာရောက်ရှိလာ



MNP - ဇွန်   ၂၄


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၉၇၁ စင်တီမီတာသို့ တဖြည်းဖြည်းကျော်လာကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။


ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက်သာ ရောက်ရှိနေသေးပြီး၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၄၉ စင်တီမီတာ လျော့နည်းကြောင်း၊ ယနေ့နံနက် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၁၉၇၁ စင်တီမီတာရှိနေကာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အခြေအနေများအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှုအခြေအနေအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထံကသိရှိရကာ ညောင်ဦးမြို့တွင် ဧရာဝတီမြစ် ရေတိုင်းတာခြင်းများအား တစ်ရက်သုံးကြိမ်တိုင်းတာကြောင်း၊ စိုးရေရေမှတ်ရောက်ရန် ၁၀၀ စင်တီမီတာရောက်ရှိချိန် မြစ်ရေကြီး သတိပေးချက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။     


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)