မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးပြုလုပ်








MNP ၊  ဇွန် ၂၅

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက်  နယ်မြေခံတပ်ရင်း တပ်ဖွဲ့မှူးမှ ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ၊ ခရိုင်/မြို့နယ် အ ဆင့် ဌာန ဆိုင်ရာများ နှင့် ပြည်သူများက အမှတ်(၂)အခြေခံပညာ အထက် တန်းကျောင်း နှင့် ဆွမ်းအုပ်ခွဆုံမှ လမ်းတစ်လျှောက်  ယနေ့ နံနက် ၇ နာရီအချိန်က  စုပေါင်း သန့် ရှင်းရေး ပြုလုပ်ခဲ့ကြရာ  ဒုတိယနယ်မြေခံတပ်ရင်း တပ်ဖွဲ့မှူး ဗိုလ် မှူးကြီး သန်းလှိုင်  ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် တာဝန် ရှိသူ များ က  လှည့်ပတ် ကြည့် ရှုခဲ့ကြပြီး လိုအပ် သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ် နှင့် ဦးဦးခင်မောင် ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင်ရာများ ၊  မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ဝင်များ ၊ မီးသတ် တပ်ဖွဲ့ဝင်များ ၊ တပ်မတော်သားများ ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ၊ဆရာမများ ၊  ပြည်သူ များ  စုစုပေါင်း အင် အား  ၁၅၀ ခန့်က စုပေါင်း၍ အဖွဲ့(၂)ဖွဲ့ခွဲကာ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းခြံဝင်း အတွင်း ရှိ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ် များ အား သန့်ရှင်း သာယာလှပစေရေး အတွက် ခုတ်ထွင်ရှင်း လင်းပြီး ရေမြောင်း အတွင်းရှိ အမှိုက်သရိုက် များ ကို လည်း ဆယ်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်း သန့်ရှင်း ရေး ပြုလုပ် ခဲ့ကြပြီး ဆွမ်းအုပ်ခွဆုံမှ လမ်းတစ်လျှောက်  တွင်လည်း ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ ပြည်သူ များ နှင့် တာဝန်ရှိသူများက ပလက်စတစ်အမှိုက်များ၊ စွန့်ပစ်အမှိုက်များ ကို ကောက်ယူပြီး စည်ပင် သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့်  သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။  


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)