လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများခန့်ထားနိုင်ရေး လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများခန့်ထားနိုင်ရေး လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်လှစ်

 



MNP - ဇွန်   ၅


၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အတွင်း လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများခန့်ထားနိုင်ရေးအတွက် လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်ပွဲကို ယမန်နံနက် ၁၀ နာရီခန့်က ဘားအံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ကျင်းပခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ယခုပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူအားလုံးနီးပါး ကျောင်းပြန်လည်တက်ရောက်ကြသည့်အတွက်ကျောင်းအပ်နှံမှုနှုန်းမြင့်မားသကဲ့သို့ ကျောင်းတက်ရောက်မှုနှုန်းမှာလည်းတိုးတက်မြင့်မားလာကြောင်း၊ ကျောင်းသားဦးရေတိုးလာသည်နှင့်အမျှ ဆရာ၊ဆရာမများ လိုအပ်ချက်မှာလည်း ဖြစ်ပေါ် လာနိုင်မည်ဖြစ်ကြောင်း၊ လက်ထောက်မူလတန်းပြများအဖြစ် ခန့်ထားခွင့်ရကြမည့်သူများအနေဖြင့် ယခုရက်တိုသင်တန်းတွင် အတွေ့အကြုံရင့်ကျက်သည့် သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၏ သင်ကြားမှုများကို အာရုံစိုက်လိုက်နာပြီး လေ့လာသင်ယူကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံ၊  သံတောင်ကြီး၊ လှိုင်းဘွဲ၊ ဖာပွန် မြို့နယ်များမှ သင်တန်းသား၊သင်တန်းသူ ၅၅ ဦးအတွက် ငွေကျပ် ၁၁၀၀၀၀၀ (တစ်ဆယ့်တစ်သိန်း)ကို ထောက်ပံ့ပေးအပ်ပြီးသင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ အားပေးစကားများပြောကြားခဲ့သည်။


ယခုဖွင့်လှစ်သည့် ကာလတိုသင်တန်းတွင် အခြေခံပညာအထက်တန်းကျောင်းအုပ်များက ဝန်ထမ်းကျင့်ဝတ်နှင့်စည်းကမ်း၊ နိုင်ငံဝန်ထမ်းဥပဒေ၊နည်းဥပဒေ၊ ဆရာကျင့်ဝတ်နှင့်ကိုယ်ကျင့် သိက္ခာ၊ ပညာရေးမူဝါဒများ၊ ၂၁ ရာစုကျွမ်းကျင်မှုနှင့်သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်းများ၊ သင်ကြားရေးဆိုင်ရာများနှင့် သင်ယူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေးအညွှန်းကိန်းများ အစရှိသော ဘာသာရပ်များကို ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့ထိသင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီးအလားတူ ယခုကဲ့သို့ ကာလတိုသင်တန်းများကို ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင်လည်း ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)