MNP - ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေ ဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရေးစာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရေး၊ စာဖတ်ခြင်းဖြင့် အသိအမြင်ကျယ်စေရန်၊ စာဖတ်ခြင်းဖြင့်အသိအလိမ္မာဉာဏ်ပညာကြီးမြင့်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် မကောင်းတဲ့စိတ်တွေရှောင်ပြီး ကောင်းတဲ့စိတ်တွေဆောင်ခြင်းဖြင့် လူတိုင်းချစ်ခင်နှစ်သက်တဲ့စိတ် ကောင်းရှိစေရန်၊ လူတော်လူကောင်းများဖြစ်အောင် ကြိုးစား တတ်စေရန်ရည်ရွယ်၍ စာရေးဆရာကြီး လယ်တွင်းသားစောချစ်ရေးသားသည့်'' စကားလက်ဆောင်''စာအုပ်ဖြင့်ယနေ့နံနက်၁၀နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)ဥက္ကဋ္ဌ စာရေးဆရာ ဦးခင်မောင်ချို(ကညွတ်ကွင်း)နှင့် အဖွဲ့ဝင်များမှ စာအုပ်ပါအကြောင်းအရာများဖြစ်သည့် စာဖတ် ခြင်းဖြင့်အသိ အမြင်ကျယ်ပါစေ၊ အောင်စိတ်မွေး၍ ကြိုးစားခြင်းဖြင့် ထူးချွန်စွာအောင်မြင်ပါစေ၊ စိတ်ကောင်းရှိပါ၊ ဥပဓိရုပ်တင့်ပါစေ၊ နှလုံးသားကိုအလှပြင်ပါ၊ မဲ့ကာရွဲ့ကာမပြောနဲ့၊ လူတော်လူကောင်း၊ ကျန်းမာအောင်နေပါ၊ မေတ္တာစိတ်နဲ့နေပါ၊ မလျော့မတင်းစောင်းကြိုးညှင်း၊ အသင့်အတင့်နှုံးသွင်းပါ၊ လောကအလှခံစားတတ်ပါစေ၊ လောကကိုလှစေသူလည်းဖြစ်ပါစေ စသည့် အကြောင်းအရာများကိုတက်ရောက်လာသော စာပေဝါသနာရှင်များနှင့် အချင်းချင်းအမြင်ချင်း ဖလှယ်ကာ အပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - ခင်ခင်မာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment