တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လောင်းလုံးဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လောင်းလုံးဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ










MNP ၊  ဇွန် ၂၆

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည်တိုင်းဒေသကြီးဝန်ကြီးများနှင့် အတူဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်ယနေ့နံနက်ပိုင်း က လောင်းလုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လောင်းလုံးဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူး များ၊ ရပ်မိရပ်ဖများအားတွေ့ဆုံခဲ့ကြောင်းသိရသည်။

ရှေးဦးစွာဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ က ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လျှပ်စစ်မီးရရှိရေးl လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကြုံတွေ့နေရသော အခက်အခဲများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ရှင်းလင်း တင်ပြချက်များအပေါ်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ဆန်၊ ဆီ နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများလက်ခံရယူသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က လမ်းညွှန်အမှာစကားပြောကြားရာ၌ လောင်းလုံးမြို့နယ်သည် စီးပွားအချက်အချာကျသောနေရာဒေသတစ်ခုဖြစ်ပြီး ယခုအခါတွင်အခက်အခဲပြဿနာများကြောင့်စီးပွားရေး လျော့နည်း ကျဆင်းလာသည်ကိုတွေ့ရကြောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လောင်းလုံးဒေသအတွင်းစီးပွား ရေး ဖွံ့ဖြိုးမှု နှင့်လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကြိုးစားဆောင်ရွက်ပေး လျက်ရှိ ကြောင်း၊ ယခုအခါလောင်းလုံးနယ်မြေဒေသအတွင်းမလိုလားအပ်သောပြဿနာများ၊ မဖြစ်သင့်မဖြစ်ထိုက်သော ကိစ္စရပ်များ ကြုံတွေ့လာရကြောင်း၊လောင်းလုံးမြို့နယ်အနေဖြင့် ပညာရေး၊ကျန်းမာရေးနိမ့်ဆင်းလာသည်ကိုတွေ့ ရကြောင်း၊ လူငယ်လူရွယ်များအသိပညာတိုးတက်လာအောင်သက်ဆိုင်ရာတာန်ရှိသူများအနေဖြင့်ကျောင်းများဖွင့်လှစ် နိုင် ရေးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊လောင်းလုံး ဒေသဖွံ့ဖြိုးတိုးတက်လာမှ လူ့စွမ်းအားအရင်းအမြစ်များ နှင့် အလုပ် အကိုင်အခွင့်အလမ်း များရရှိလာမှာဖြစ်ကြောင်း၊ ဒေသအတွင်းရှိပင်လယ်ကမ်းခြေများတွင်နိုင်ငံခြားခရီးသွား ဧည့်သည် များကို ဆွဲဆောင်နိုင်သည့်အပန်းဖြေကမ်းခြေများစွာရှိကြောင်း၊ လောင်းလုံးဒေသတည်ငြိမ်အေးချမ်း သွားမည်ဆိုပါက ခရီးသွားဧည့်သည်များ ဝင်ရောက်လာမှာဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။


ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ပညာရေးဌာနမှ ဆရာ/ဆရာမများအား သီးခြားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ကြုံတွေ့နေရသောအခက်အခဲများအား သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)