ရသေ့တောင်မြို့နယ်၊ အထက(၂)ကျောင်း ၌(သိပ္ပံဘာသာတွဲ)ဖြင့် ဘာသာစုံဂုဏ်ထူး ရရှိသူ မခင်ခင်ဇော်၏ ရင်တွင်းပီတိစကား သံများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၊ အထက(၂)ကျောင်း ၌(သိပ္ပံဘာသာတွဲ)ဖြင့် ဘာသာစုံဂုဏ်ထူး ရရှိသူ မခင်ခင်ဇော်၏ ရင်တွင်းပီတိစကား သံများ


MNP ၊ ဇွန် ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ရသေ့တောင်မြို့ မြို့မ အထက(၂) ကျောင်း၌၂၀၂၂-ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲအား အောင်မှတ် ၅၀၂ မှတ်ဖြင့်ဘာသာစုံဂုဏ် ထူးရှင် မခင်ခင်ဇော် ၏ ရင်တွင်းစကားသံများအား တွေ့ဆုံဆွေးနွေးခဲ့သည်။


မင်္ဂလာပါရှင့် 

သမီးရဲ့နာမည်ကတော့ မခင်ခင်ဇော်

ဖြစ်ပါတယ်၊ သမီးတက်ရောက်ခဲ့တဲ့ကျောင်းကတော ရသေ့တောင်မြို့အထက (၂)မြို့မကျောင်းဖြစ်ပြီးသူငယ်တန်းမှအထက်တန်းအထိ ပညာသင်ကြားခဲ့တဲ့ တာဖြစ်ပါတယ်။ သမီးရဲ့အဖေကတော ဦးဦးဇော်ဝင်းဖြစ်ပြီး လျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်ရေးကို လုပ်ကိုင်ပါတယ်။ သမီးရဲ့အမေကတော ဒေါ်ခင်နှင်းရီဖြစ်ပြီး သားသ မီးတွေရဲ့ လိုအပ်ချက်များကို ပံ့ပို့ကူညီပေးပါတယ်။

ကျောင်းမဖွင့်မှီ နွေရာသီကတည်းက အစ်မဖြစ်သူများကသင်ကြားမှုကြောင့်ဘာသာစုံလေ့ကျင့်ခန်းတွေကို လုပ်ခဲ့ပါ တယ်။ မြန်မာစာအတွက်ဆိုရင် ခက်ဆစ်၊ အလင်္ကါ၊ စာစီစာကုံး၊ တွေကိုလေ့ကျင့် လုပ်ဆောင်ခဲ့ပါတယ်။ အင်္ဂလိပ်စာအတွက်ဆိုရင် Grammar၊ တွေ Essay ၊ Latter တွေကို လုပ်ခဲ့ပါတယ်။ သင်္ချာမှာ ဆိုရင် ပုံသေနည်း၊ သီအိုရီတွေကို အလွတ်ကျက်မှတ်ခဲ့ပါတယ်။ Chemistry၊Physics ၊ BiO တွေကို ကျောင်းပိတ်ချိန် ဆရာ၊ ဆရာမတွေက သင်ကြားပေးခဲ့ပါတယ်။ ကျောင်းဖွင့်ချိန်တွေမှာလည်း ဆရာ၊ ဆရာမတွေက အစွမ်းကုန် သင်းကြားပေးခဲ့ပါတယ်။ 

စာဖတ်ချိန်ကတော နံနက် ၅ နာရီထဖတ်ပြီး၊ ညနေပိုင်းကတော ၁၂ နာရီထိ ရောက်မှ အိပ်ပါတယ်။ အားချိန်တိုင်းမှာ လည်းစာဖတ်ရင်းနဲ့ ကုန်ဆုံးခဲ့ပါတယ်။

စာစီစာကုံးတွေ၊ မြို့နယ်အဆင့်ဆုတွေ ရရှိဖူးပါတယ်။ 

သမီးရဲ့ ရည်မှန်းချက်ကတော ဆေးကျောင်းအမှတ်မှီရင် ဆေးကျောင်းတက် ချင်ပါတယ်။ 

ဘာသာစုံဂုဏ်ထူးတွေရအောင်တော မိမိလည်းကြိုးစားအားထုတ်ပြီးတော့ ဆရာ၊ ဆရာမများ၏ သင်ကြားခြင်းများကို အမြဲမပြတ် လေ့ကျင့်မှတ်သားနိုင်ရင်တော မိမိလိုရာပန်းတိုင်ကို ရနိုင်မယ်လို့ပြောပြချင်ပါတယ်။

အခုလို အင်တာဗျူးခေါ်ယူပေးတဲ့ ပြန်ကြားရေးဌာနကိုလည်းကျေးဇူးတင်ပါတယ်။ ပြီးတော ဘာသာစုံဂုဏ်ထူးရအောင် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အထက(၂)မြို့မကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမတွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

ပြီးတော သမီးပညာသင်ကြားချိန် အဘက်ဘက်က ပံ့ပို့ကူညီပေးတဲ့ မိဘနှစ် ပါးနှင့်ဆွေမျိုးတွေ၊ မိသားစုတွေကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)