ဘားအံမြို့၌ ဘေးအန္တရာယ် တုံ့ပြန်မှုလုပ်ငန်း အစီအစဉ်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ ဘေးအန္တရာယ် တုံ့ပြန်မှုလုပ်ငန်း အစီအစဉ်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 



MNP - ဇွန်   ၁၈


ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဘေးအန္တရာယ်တုံ့ပြန်မှုလုပ်ငန်း အစီအစဉ်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က တော်ဝင်ရတနာ ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကရင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပြည်နယ်တပ်ဖွဲ့မှူး ဦးမြင့်နိုင်က အဖွင့်အမှာ စကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းမော်က အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဘေးအန္တရာယ်ဆိုင်ရာ မူဝါဒများချမှတ်ရကြောင်း၊ မူဝါဒအောက်တွင် တုံ့ပြန်ရေး အစီအစဉ် များ ရေးဆွဲရကြောင်း၊ ဘေးအန္တရာယ်များ တစ်မျိုးနှင့် တစ်မျိုး တုံ့ပြန်မှုမတူညီကြောင်း၊ ဘေးအန္တရာယ်အဆင့် သတ်မှတ်မှုအခြေအနေများ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းအချက် အလက်များ အချိန်နှင့် တစ်ပြေးညီ ရယူ၍ ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်တုံ့ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အဆင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့ထားပြီး ဆပ်ကော်မတီများအလိုက် လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အစီအစဉ်ရေးဆွဲထားသင့်ကြောင်း တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပေးရန် ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်ကြက်ခြေနီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)