ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်ချီးမြှင့်





MNP -  ဇွန်   ၁၂


ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်နှင့်အတူ တိုင်း/ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ပဲခူးတက္ကသိုလ်၌  ပြုလုပ်ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ၂ဝ၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့မှာတော့ ပဲခူးတက္ကသိုလ် ပရဝုဏ်အတွင်းမှာ သစ်မျိုးစုံစိုက်ခင်း (Arboretum) (စံပြသစ်တောစိုက်ကွက်) (၄) ဧကကို စုပေါင်းစိုက်ပျိုးသွားကြမှာ ဖြစ်ပါတယ်။ Arboretum လို့ခေါ်တဲ့ သစ်မျိုးစုံစိုက်ခင်းတွေဟာ သိပ္ပံဆိုင်ရာ သုတေသနနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို အထောက်အကူပြုဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ မျက်စိပသာဒဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကမ္ဘာတစ်ဝှမ်းမှာ စိုက်ပျိုးတည်ထောင်ကြတာဖြစ်ပြီး ဒီကနေ့စိုက်ပျိုးသွားမယ့် သစ်မျိုးစုံ စိုက်ခင်း (စံပြသစ်တောစိုက်ကွက်) (၄) ဧကမှာတော့ ဒေသတွင်း ပေါက်ရောက်ဖြစ်ထွန်း နိုင်ပြီး စီးပွားရေးအရ အဖိုးတန်အသုံးဝင်တဲ့ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ တမလန်းအစရှိတဲ့ သစ်မျိုး(၁၃) မျိုး၊ အပင်ပေါင်း (၁,၂၀၀) ပင်တို့ကို တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများနှင့် အများပြည်သူတို့မှ သစ်တောသစ်ပင်များရဲ့  သဘာဝပတ်ဝန်းကျင် အကျိုးပြုမှုများအား သိရှိလေ့လာနိုင်စေရန်၊ ပဲခူးတက္ကသိုလ်မှာ ရုက္ခဗေဒဘာသာရပ်အား တာဝန်ယူသင်ကြား နေတဲ့ ဆရာ/ဆရာမများ၊ ဆည်းပူးလေ့လာနေတဲ့ တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ အနေဖြင့် သစ်တောသစ်ပင်များအား အဝေးသို့သွားရောက်စရာမလိုဘဲ တက္ကသိုလ်ဝင်း အတွင်းမှာ အနီးကပ်ဆည်းပူးလေ့လာနိုင်စေရန်နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက် နိုင်စေရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စိုက်ပျိုးပြီး ရှင်သန်ကြီးထွားအောင် ပြုစုပျိုးထောင် သွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီကနေ့စိုက်ပျိုး တည်ထောင်တဲ့ သစ်မျိုးစုံစိုက်ခင်းအပြင် ပဲခူးမြို့ကို သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိတဲ့ ကန်တော်ကြီးရေဝေရေလဲ ကြိုးပြင်ကာကွယ်တောအတွင်းရှိ (၁၃၀) ဧကရှိသော ကန်တော်ကြီး ရေကန်ရဲ့ရေအရည်အသွေး ကောင်းမွန်ဖို့နဲ့ သောက်သုံးရေ စဉ်ဆက်မပြတ် ထောက်ပံ့နိုင်ဖို့အတွက် ကန်ရဲ့ ရေဝေရေလဲဧရိယာအတွင်းမှာ နှစ်စဉ်သစ်ပင် စိုက်ပျိုးပွဲများ ကျင်းပပြီး သစ်မျိုးစုံစိုက်ခင်းများကိုလည်း စိုက်ပျိုးပြုစုထိန်းသိမ်းလျက်ရှိပါကြောင်း၊ နိုင်ငံတော်အဆင့်မှာလည်း သဘာဝသစ်တောများ ထာဝစဉ်တည်တံ့စေရေး ထိန်းသိမ်းကာကွယ်ရန်နဲ့ ပျက်စီးပြုန်းတီးသွားသော သစ်တောများကို အစားထိုးစိုက်ပျိုးပြီး ဂေဟစနစ်များ ပြန်လည်ပြုစုထိန်းသိမ်းရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ (၂၀၁၇-၁၈ မှ ၂၀၂၆-၂၇) အထိ (၁၀) နှစ်တာကာလအတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းကိုရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါကြောင့် “သစ်ပင်စိုက်လျှင်တို့ဝန်းကျင် စိမ်းစိုလှပကြည်နူးရ၏” “တံတားနှင့်လမ်း၊ ဆေးခန်းနှင့်ကျောင်း၊ ဆည်မြောင်းနှင့် ကန်သစ်ပင်ရံမှ သဏ္ဍာန်လှပ၊ ပနံရလိမ့်” “ပူနွေးကမ္ဘာ၊ တားဆီးရာဖြေရှာတစ်ခု၊ တောပြုစု” “သစ်ပင်စိုက်မှအရိပ်ရ၏၊ ရိပ်ခိုနားနေအပန်းဖြေ၏” ဆိုတဲ့ သစ်တော၊ သစ်ပင်များရဲ့ အကျိုးကျေးဇူးကို ဖော်ညွှန်းထားတဲ့ ဆောင်ပုဒ်များအတိုင်း သစ်တောသစ်ပင်များ ပျက်စီးပြုန်းတီးပါက လူအပါအဝင် သက်ရှိများ ပျက်စီးမှာဖြစ်တာကြောင့် သစ်တောသစ်ပင်များ၊ သစ်တောဂေဟ စနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ကြရန်လိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။ ထို့နောက် ပျဉ်းကတိုးပင်အား သတ်မှတ်ထားသောနေရာတွင် ဝန်ကြီးချုပ်မှ ဦးဆောင်ကာ တစ်ပြိုင်နက်စုပေါင်းညီညာ စိုက်ပျိုးပေးခဲ့ပြီး စိုက်ပျိုးနေမှုအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးကြသည်။


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ အမှတ (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ/ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မိခင်နှင့်ကလေးကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက် (၃၁) ရပ်ကွက်မှ ဒေသခံပြည်သူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)