ပေါင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး





MNP ၊ ဇွန် ၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပေါင်မြို့နယ် မုတ္တမကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လဝကဦးစီးမှူး ဦးသန်းဝင်းဇော်နှင့် ဝန်ထမ်းများမှ အသက် ၁၀ နှစ်နှင့်အထက်မှ ၁၈ နှစ်အောက် ပြည်သူ(၃၃)ဦး၊ အသက် ၁၀ နှစ်နှင့်အထက် ပြည်သူ (၁၂)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခဲ့ပြီး ပြည်သူ ၁၄၆ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်ပေးခဲ့သည်။

ထို့အပြင် ပျက်စီးပျောက်ဆုံး အိမ်ထောင်စုစာရင်း(၂၄)ခုကိုလည်း မိတ္တူပြန်လည်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ အသစ်ပြုလုပ်ခြင်း၊ လဲလှယ်ခြင်းများကို အခြေခံပညစာသင်ကျောင်း များအပါအဝင် ရပ်ကွက်ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေသည့်အပြင် သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများတွင်လည်း ရုံးဖွင့်ချိန်အတွင်း လာရောက်ပြုလုပ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားများ(မွေးရာပါနိုင်ငံသားများ)နှင့် ဥပဒေအရ နိုင်ငံသားများအားဥပဒေနဲ့အညီ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ ကိုင်ဆောင်သင့်သည့် ကတ်အမျိုးမျိုးထုတ်ပေးရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် စီမံချက်များချမှတ်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)