အမ်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပေး



MNP ၊ ဇွန် ၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အခြေခံ ပညာကျောင်းများ၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပေးခြင်းကို  ဇွန်လ(၆) ရက် နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ 

အခြေခံပညာကျောင်း များအတွက် ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေး Sinopharm အလုံးရေ(၄၃၂၈)လုံးရရှိပြီး ကျောင်းသား (၂၁၆၄၈) ဦးအား ထိုးနှံပေးနိုင်မည်ဖြစ်သည်။

ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို အခြေခံပညာကျောင်း ပေါင်း(၂၁၈) ကျောင်း ၊ ကိုယ်ပိုင်အထက် တန်း ကျောင်း(၂) ကျောင်းမှ  အသက် (၅)နှစ်မှ(၁၂) နှစ်အတွင်း ကျောင်း သား/ ကျောင်းသူ (၁၉၂၆၅)ဦးအား  (ပထမ) အကြိမ်ထိုးနှံပေးရာ၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန် ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ တာဝန်ခံ ကျောင်းအုပ် ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များ၊မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ဝင်များက  ပူးပေါင်းပါဝင်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျ ဆေးထိုးနှံပေးခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)အကြာအနားယူပြီးမှပြန်ခွင့်ပြုခြင်းတို့ကို ဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)