MNP ၊ ဇွန် ၁၄
လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာအသိပညာဗဟုသုတများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် သထုံခရိုင် ပေါင်မြို့နယ် ပြန်ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန့်မ၌ နေ့စဉ် ပြသထားကြောင်း သိရသည်။
အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၏ရည်ရွယ်ချက်၊ လူကုန်ကူးမှုပုံစံနှင့်နည်းလမ်းများ၊ လူကုန်ကူးခံရသူများ၏ နောက်ဆက်တွဲ ဆိုးကျိုးများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ဆောင်ရန်ရှောင်အချက်များ၊ ပြည်ပသို့ထွက်ခွါပြီးအလုပ်လုပ်တော့မည်ဆိုရင်သိထားရမည့်အချက်များ၊ လူကုန်ကူးမှုပပျောက်ရေးပြည်သူအားလုံးပါဝင်ပေး စသည့်အချက်များပါဝင်သည့်အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ကို ကျောင်းသားကျောင်းသူများနှင့် ပြည်သူများမှ စိတ်ဝင်တစားလာရောက်ကြည့်ရှုကြသည့်အပြင် ရုံးချိန်အတွင်း မည်သူမဆိုလာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment