MNP ၊ ဇွန် ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ တိရိ စ္ဆာန် အစာပင် သရုပ်ပြစိုက်ပျိုးပွဲကို ဇွန် ၂၆ ရက်နေ့ နံနက်(၉)နာရီအချိန်က မြေပုံမြို့၊ တောင်ပေါ် ရပ် ကွက်ရှိ တောင်သူ ဦးမောင်တင်အောင် စိုက်ခင်းတွင်ကျင်းပသည်။
ရှေးဦးစွာ မြေပုံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါက်တာဝင်းထိုက် မှ တိရိစ္ဆာန်အစာပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် တိရိစ္ဆာန်များ အတွက် လိုအပ်သော အစာအာဟာရကို လုံလုံလောက်လောက်ကျွေးမွေးပြီး တိရိစ္ဆာန်နှင့်တိရိစ္ဆာန် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုတိုးတက် မြင့်မားလာစေရန်၊ တိရိစ္ဆာန်များ၏ အသက်ရှင်သန်မှု၊ ကျန်းမာကြီးထွားမှု၊ ထုတ်လုပ်မျိုးပွားနိုင်မှုတို့အတွက် အစာအာ ဟာရပြည့်ဝသော အစားအစာ များကိုရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်း ဖြစ်ကြောင်းနှင့် မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအတွက် အစာဖိုးကုန်ကျစရိတ်မှာသိသာစွာလျော့ချပေးနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်းပြောကြားသည်။
အဆိုပါ စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခိုင်လင်းနိုင် ၊ မြေပုံမြို့နယ် မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန ၊ ဒေါက်တာဝင်းထိုက်နှင့်ဝန်ထမ်းများ ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ ၊ မြို့စည်ပင်သာယာရေးအဖွဲ့ ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တောင်သူများ စုစု ပေါင်း (၃၀)ဦးခန့်တက်ရောက်ကာ နေဗီယာမြက် (၁)ဧကအား လူထုလှုပ်ရှားမှုပုံစံဖြင့် စနစ်တကျစိုက်ပျိုးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment