MNP - ဇွန် ၁၁
တောင်ငူတက္ကသိုလ် စတင်တည်ထောင်ခြင်း (၂၂) နှစ်ပြည့် အထိမ်းအမှတ်အကြို သုတေသန စာတမ်းဖတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်များကို တောင်ငူတက္ကသိုလ် ခွာညိုဆောင် ၊ သဇင်ဆောင် (ကျောင်းသူဆောင်) မိသားစုက ယနေ့ ဇွန်လ ၁၀ ရက်နေ့က ကျင်းပရာ ပါမောက္ခချုပ်က အခမ်းအနားများအား ဖွင့်လှစ်ပေးခဲ့ပြီး ပျော်ပွဲရွှင်ပွဲများနှင့် ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှူအားပေးခဲ့သည်။
အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲများနှင့် ဈေးရောင်းပွဲတော်အား ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment