ပေါက်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား


MNP ၊  ဇွန် ၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင်   ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက်   အခြေခံပညာ ကျောင်းများကို ယနေ့ နံနက်ပိုင်းမှစတင် တက်ရောက်ကြ၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က(၁၀)ကျောင်း၊ အ.ထ.ကခွဲ(၂၆)ကျောင်း၊ အ.လ.က(၁၃)ကျောင်း၊ အ.လ.ကခွဲ(၃၀)ကျောင်း၊ မူလွန်ကျောင်း(၃၃)ကျောင်း၊ အ.မ.က(၅၁)ကျောင်း၊ အ.မ.ကခွဲ(၈)ကျောင်း၊ ဘုန်တော်ကြီးပညာသင်ကျောင်း(၁၄)ကျောင်း၊ စုစုပေါင်း (၁၈၄)ကျောင်းရှိပြီး၊ မေလ(၂၆)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ ထက်၊လယ်၊မူကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၉၉၈၈) ဦးရှိကြောင်းသိရသည်။

ပေါက်တောမြို့နယ်အတွင်ရှိ  ကျောင်းသား၊ ကျောင်းသူများမှာ သက်ဆိုင်ရာမြို့ပေါ်၊ ရပ်ကွက်များနှင့် ကျေးရွာများရှိကျောင်းတို့တွင် အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှဦးဆောင်၍ တာဝန်ရှိသူတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)