ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ သက်တော်(၈၇)နှစ်ပြည့် ဝိဇာတပူဇာမင်္ဂလာနှင့် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဂုဏပူဇာ မင်္ဂလာ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ သက်တော်(၈၇)နှစ်ပြည့် ဝိဇာတပူဇာမင်္ဂလာနှင့် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဂုဏပူဇာ မင်္ဂလာ အခမ်းအနား ကျင်းပ



MNP ၊ ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ မိုးကောင်း ကျောင်းလမ်း၊ မိုးကောင်းပရိယတ္တိ စာသင်တိုက်အတွင်းရှိ အောင်ပြည့်ဖြိုးဦး သာသနာ့ဗိမာန် သိမ်တော်ကြီး၌ ကျင်းပပြုလုပ်သော မိုးကောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာ ဘိဝံသ မဟာထေရ်မြတ်ကြီး၏ သက်တော်(၈၇)နှစ်ပြည့် ဝိဇာတပူဇာ မင်္ဂလာနှင့် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဂုဏပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက် ဖူးမျှော်ကြည်ညိုခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဟင်္သာတမြို့ မေဃဝတီပရိယတ္တိ စာသင်တိုက်မှ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနာ ဘိဝံသ ထံမှငါးပါးသီလခံယူ ဆောက်တည်ကြကာ  တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲ သြဝါဒါစရိယအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မိုးကောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တသုဓမ္မာ စာရာ ဘိဝံသ မဟာထေရ်မြတ်မှ သြဝါဒ ချီးမြင့်ခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ မိုးကောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မဟာထေရ်မြတ်၏ ထေရုပ္ပတ္တိအား ဟင်္သာတမြို့ ဓမ္မဗိမာန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဉာဏာလင်္ကာရမှ ဖတ်ကြားပူဇော်ခြင်း၊  မေဃဝတီ ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနာဘိဝံသ ရေးသား ပူဇော်အပ်သော ဂုဏာဘိတ္တဝဝန္ဒနာဂါထာနှင့် ထုတိထောမနာဂုဏ ပူဇာဂါထာအား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အကျော်ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တရေဝတကမှ ဖတ်ကြားခြင်း၊ ရန်ကုန်တက္ကသိုလ်အနုပညာအသင်းမှ ရွှေတံဆိပ်ဆုရှင် တက္ကသိုလ် မောင်မောင်ခင် ရေးသားပူဇော်အပ်သော အချီညီအချညီပါဒညီ ပဏ္ဍိတဂုဏပူဇာ ရတုပိုဒ်စုံအား တေးသံရှင် မေသက်ထားဆွေမှ သီဆိုပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့မှ ဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မဟာထေရ်မြတ်အား ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ကြွရောက်တော် မူလာကြသော ပင့်သံဃာတော်(၁၀)ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များက လှူဘွယ်ဝတ္ထု ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြပြီးနောက်   ရန်ကုန်တက္ကသိုလ်အနုပညာအသင်းမှ ရွှေတံဆိပ်ဆုရှင် တက္ကသိုလ် မောင်မောင်ခင် ရေးသားပူဇော်အပ်သော ဂုဏ်ရှိန်ဝေဖြာ မြတ်သမ္မာ ထပ်တွန့် ရှစ်ဆယ်ပေါ်  ပဏ္ဍိတဂုဏပူဇာ တေးထပ်အား တေးသံရှင် မေသက်ထားဆွေမှ သီဆိုပူဇော်ခြင်း၊ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်၊ အဂ္ဂမဟာပဏ္ဍိတ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ အနုမောဒနာတရားချီးမြင့်၍ လှူဒါန်းမူအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခြင်း၊ သိဒ္ဓိမင်္ဂလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလသိဒ္ဓိမှ ယနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကူညီဆောင်ရွက် ပေးကြသူများအား မိုးကောင်းကျောင်းတိုက်ကြီး၏ တပည့်များ ဒါယကာ၊ ဒါယိကာမများ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ကိုဇော်-ဟင်္သာတ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)