ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

MNP -  ဇွန်   ၁၂


နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စု ကျေးရွာများရှိ ရဟန်းသံဃာတော်များ သီလရှင်များ သာသနာ့ဝန်ထမ်းများ သက်ကြီး ဘိုးဘွားများ နိုင်ငံ့ဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များ အသက်(၁၈)နှစ် အထက်ပြည်သူ များ အသက် (၁၂) နှစ်ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများနှင့် အသက်(၅)နှစ်မှ၊ အသက်(၁၂)နှစ်ကြား ကျောင်းနေအရွယ်ကလေးငယ်များ၊ တစ်ကြိမ်တစ်ခါမျှကာ ကာကွယ် ဆေးမထိုးနှံရသေးသူများ၊ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူများအားလုံး ထိုးနှံနိုင်စေရေး၊ တစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေးအတွက် စဉ်ဆက်မပြတ် အလေးအနက်ထားကာ အသိပညာပေးနှိုးဆော်လျက် ထိုးနှံပေးလျက်ရှိကြောင်း သိရ

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉နာရီအချိန်မှစတင်ကာ ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာများမှ အသက်(၁၅)နှစ်မှ (၁၈)နှစ်ကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများ၊ ၁၁-၆-၂၀၂၂ ရက်နေ့၌ ဒုတိယအကြိမ်ထိုးနှံရမည့်သူများ၊ မေလနှင့် ဇွန်လများအတွင်း ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများ နှင့်၊ ၂၀၂၁ခုနှစ်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေးများကို အမှတ်(၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ (ဇမိခန်းမ) ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မိဘပြည်သူ များအနေဖြင့် အခမဲ့အဆင်ပြေစွာထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌမှ စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်ကာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အနီးကပ်ကြီးကြပ်၍ သူနာပြု ဆရာ၊ ဆရာမများ ကျန်းမာရေး ဝန်ထမ်းများမှ စနစ်တကျစီမံဆောင်ရွက်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးအကြိမ်ရေ ပြည့်ထိုးနှံရန်ကျန်ရှိသူများ ကာကွယ်ဆေးအား လုံးဝမထိုးနှံရသေးသည့် ရပ်ကွက်၊ ကျေးရွာ အုပ်စု၊ ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ မိဘပြည်သူများမှ အလေးအနက်ထား၍ အဆိုပါကာကွယ်ဆေးထိုးနှံပေးသည့် နေရာဌာနသို့ လာရောက်ထိုးနှံ လျက်ရှိကြောင်းသိရသည်။


သတင်း - မျိုးမင်းဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)