မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ၏ စီစဉ်မှုဖြင့် ဆန်နှင့် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ၏ စီစဉ်မှုဖြင့် ဆန်နှင့် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ





MNP ၊ ဇွန် ၃၀

ပြည်ထောင်စုမြန်မာနိုင်ငံ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆန်နှင့် စားသောက်ကုန်းများကို ဈေးနှုန်းသက်သာစွာဖြင့် ယမန်နေ့က လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၊ ဆန်Exporterကုမ္ပဏီကြီးများတို့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန်အတွက် ဗဟန်း၊ ကျောက်တံတား၊ ပန်းပဲတန်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်မြို့နယ်များတွင် ဆန်ကြမ်း(၁) ပြည်လျှင်-(၁၀၀၀)ကျပ်၊ ပေါ်ဆန်းမွှေး(၁)ပြည်လျှင်-(၁၇၀၀)ကျပ်၊ ဆီ(၅၀)သားတစ်ဗူးလျှင်-(၂၉၀၀) ကျပ်၊ ကြက်ဥ (၁၀)လုံးတစ်ကဒ်လျှင်-(၁၇၀၀)ကျပ်တို့အပြင် ဆိတ်သား(၁)ပိဿာလျှင်-(၂၀၀၀၀)ကျပ်၊ အမဲသား(၁) ပိဿာလျှင်-(၁၂၀၀၀)ကျပ်တို့ဖြင့် (၂၉.၀၆.၂၀၂၂) ရက်နေ့တွင် ရွေ့လျားဈေးကားများဖြင့် သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)