လွိုင်လင်မြို့နယ်နှင့် နမ့်စန်မြို့နယ် နယ်ခြားမှတ်တိုင်အနီး မိုးရာသီသစ်ပင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့နယ်နှင့် နမ့်စန်မြို့နယ် နယ်ခြားမှတ်တိုင်အနီး မိုးရာသီသစ်ပင်စိုက်ပျိုး



MNP - ဇွန်   ၅


သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုလင်ခရိုင်၊လွိုင်လင်မြို့နယ်၊ နမ့်စန်ဘိနယ်၊ ၂၀၂၂ ခုနှစ် မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီက လွိုင်လင်မြို့နယ်နှင့်နမ့်စန်မြို့နယ် နယ်ခြားမှတ်တိုင်အနီး၊ လွိုင်လင်-နမ့်စန်သွားပြည်ထောင်စု ကားလမ်းမကြီး၏လက်ယာဘက်တွင် ပြုလုပ်ကြောင်းသိရသည်။


သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် ရာသီဥတုပြောင်းလဲမှု၊ သစ်တောပြုန်းတီးမှုကို  ကာကွယ်၍ တောတောင်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေခြင်း စသည့်အကျိုးကျေးဇူးများရရှိလာ မည်ဖြစ်ကြောင်း၊ နောင်လာမည့်အနာဂတ်နှစ်တွေအတွက် သားစဉ်မြေးဆက်အထိ အကျိုးခံစားခွင့်များရရှိလာစေရန်ရည်ရွယ်၍ သစ်ပင်များကို နှစ်စဉ်မိုးရာသီများတွင် စီမံချက်ချမှတ်ကာ တောင်ဂတုံးကို ယောင်ထုံးပေးရန် သစ်ပင်စိုက်ပျိုးပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်က သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းထွန်းအောင်က နမ့်စန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် လွိုင်လင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ် တို့အားလည်းကောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများကိုလည်းကောင်း စိုက်ပျိုးမည့် ပျိုးပင်များကို အသီးသီးပေးအပ်ကြသည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ် မိုးရာသီ အကြို သစ်ပင်ပျိုးပွဲကို ပြုလုပ်ရာ လွိုင်လင်တပ်နယ်မှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က ချယ်ရီပင်ကိုလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက ထင်းရှူးပင်နှင့် ခါတော်မီပင်ကိုလည်းကောင်း ဦးဆောင်စိုက်ပျိုးပေးကြသည်။ ထို့နောက် တပ်နယ်မှူးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၏စုပေါင်းသစ်ပင်စိုက်ပျိုးမှုကို ကြည့်ရှု စစ်ဆေး အားပေးကြသည်။


အဆိုပါ လူထုသစ်ပင်စိုက်ပျိုးပွဲသို့ လွိုင်လင်နှင့် နမ့်စန်မြို့နယ်များမှ ဌာနဆိုင်ရာများ၊ လွိုင်လင်မြို့နယ်ပန်ခေါက်ဝိုးကျေးရွာနှင့် လွိုင်မုံ့မိုင်းကျေးရွာများမှ ဒေသခံပြည်သူများ စုစုပေါင်း အင်အား(၃၅၀)ဦးတို့က ရေသင်းဝင် ၁၅၀ ပင် ၊ ခါတော်မီ ၁၅၀ ပင် ၊ စွယ်တော် ၁၅၀ ပင်နှင့် ချယ်ရီ ၅၀ ပင်၊ စုစုပေါင်း သစ်ပင်  ၅၀၀ ပင်တို့အား တစ်ပျော်တစ်ပါးစိုက်ပျိုး ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)