ကျောက်တံတားမြို့နယ်၌ ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ်၌ ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP - ဇွန်   ၁


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အမှတ် (၃) ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း‌အဝေးခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က မြို့နယ်အတွင်းရှိ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်လှလှဝင်းက ကျောင်းဖွင့်ချိန် ပထမအပတ်မှစတင်၍ ကျန်းမာရေးဌာနနှင့် ပူးပေါင်းပြီး ကျောင်းသား / ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း စသဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကဏ္ဍအလိုက်ဆွေးနွေးပြောကြားပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။


သတင်း - ရွှေဇင်ခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)