(၂၃) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၃) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ






MNP ၊  ဇွန်  ၁

၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့ လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင်ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ရိုးရာယဉ်ကျေးမှု၊ ကိုယ်စီရှိကြသကဲ့သို့ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရေး၊ စောင့်ရှောက်ရေးများကို ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ရှည်လျားသော သမိုင်းကြောင်းနှင့် မြင့်မား သည့် ရိုးရာယဉ်ကျေးမှုများစွာကို ပိုင်ဆိုင်ခဲ့သည့် မိမိတို့ရခိုင်လူမျိုးများ၏ ရိုးရာဓလေ့နှင့်အစဉ် အလာ ကောင်းများကိုလည်း ဆက်လက်ထိန်းသိမ်းမြတ်နိုး  တန်ဖိုးထားတတ်စေရန် ဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ ရခိုင်ပြည်နယ် ဒေသအသီးသီးတွင် အဆို၊ အက၊ အရေး၊ အတီးဝါသနာရှင်များနှင့် ပညာရှင် များစွာရှိရာ  ပြုစုပျိုးထောင်ပြီး အဆို၊ အကများကို ထိန်းသိမ်းရ မည်ဖြစ် ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို မကျင်းပဖြစ်သည်မှာ (၅)နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည့်အတွက် ယခင်နှစ်များက ပြိုင်ပွဲဝင်ဟောင်းများပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ဝါသနာရှင်မျိုးဆက်သစ် ပြိုင်ပွဲဝင်အသစ်များ ပေါ်ထွက်လာစေရေးသက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်များမှ ကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ တိုးတက်လာသည့်ခေတ်နှင့်အညီ မျိုးဆက်သစ်လူငယ်ထုအတွင်း မိမိတို့၏ရိုးရာ ယဉ်ကျေးမှုများကို စိမ့်ဝင်ပျံ့နှံ့လာစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးများသာမက မိမိတို့ ရခိုင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများကိုပါ ဆက်လက်ထိန်း သိမ်းနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက ပြည်နယ်အဆင့်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံတော်အဆင့်တွင် အောင်မြင်မှုများရရှိနိုင်ရေး အတွက် ဆောင်ရွက်မည့်ကဏ္ဍများကို ဆွေးနွေးပြောကြားကာ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန(စစ်တွေဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါ်အေးနီလာက ပြည်ထောင်စုအဆင့် အစည်း အဝေးအား ထပ်ဆင့်ရှင်းလင်းပြီး ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းထားရှိမှု(မူကြမ်း)အား ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် Online ဖြင့်တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ပြည်နယ် အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အဆို၊ အက၊ အရေး၊ အတီးဝါသနာရှင်များ ဝင်ရောက်ယှဉ်နိုင်ရေး တို့ကို ဆွေးနွေးတင်ပြကြသည်။တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပေး ကာနိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

၂၂ ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အနေဖြင့် ရွှေတံဆိပ်(၆) ခု၊ ငွေတံဆိပ်(၈)ခု၊ ကြေးတံဆိပ်(၅) ခု၊ နှစ်သိမ့်ဆု(၄) ခု၊ စုစုပေါင်း ဆုတံဆိပ်(၂၃)ခု ရရှိ ခဲ့ပြီး တိုင်းနှင့်ပြည်နယ်(၁၅)ခုတွင် အဆင့်(၅) နေရာရရှိခဲ့ကြောင်းသိရသည်။


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)