နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲတက်ရောက်



MNP - ဇွန်   ၁၂


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးအရွယ်

ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သီရိရတနာမူလတန်းကြိုကျောင်း၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက မြန်မာနိုင်ငံဟာ ပြောင်းလဲလာတဲ့ ခေတ်သစ်စနစ်သစ်နဲ့ အညီ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာလုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရေးဆွဲဆောင်ရွက်ပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီ အနေဖြင့် ကလေးသူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး လိုအပ်ချက်အပေါ်မူတည်ကာ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေနှင့်လည်း ကိုယ်ဝန်ဆောင်မိခင်ဘဝမှ ဘိုးဘွားများအထိ လုပ်ငန်းကြီး (၇) ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဓိကအကျဆုံးဖြစ်သော ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက်ရည်ရွယ်ပြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ထိရောက်စွာ သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်းများနှင့်အညီ ယခုလိုသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းကို စနစ်တကျနဲ့ အချိန်ပြည့်တက်ရောက်ပေးသော သင်တန်းသူသင်တန်းသားများမှလည်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ထိရောက်တဲ့ နည်းလမ်းများ၊ နယ်ပယ်သဘောတရားများကို မိဘများနှင့်ရပ်ရွာလူထုများမှ ပူးပေါင်းပါဝင်မှု စတဲ့ဘာသာရပ် များကို ရရှိသွားပြီဖြစ်သည့်အတွက်  ကလေးငယ်များကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက် ပေးသွားလိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ သင်တန်းမှရရှိတဲ့ အတွေ့အကြုံဗဟုသုတ၊  နည်းပညာတွေကို အသုံးချပြီး ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကလေးငယ်များ အကျိုးကိုအကောင်းဆုံး ဖြစ်အောင် ပြုစုပျိုးထောင် သွားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ရှိဆောင်ရွက်လျက်ရှိသော ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် သင်တန်းတွင် အောင်မြင်စွာတက်ရောက်ခဲ့သည့် သင်တန်းသားများအား နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် တာဝန်ရှိသူများက သင်းတန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ  ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းကို မေလ ၁၆ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနည်းပြများက သက်ဆိုင်ရာ ဘာသာရပ်အလိုက်သင်ကြား ပို့ချပေးခဲ့ကြောင်းသိရသည်။


သတင်း - အောင်ကိုကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)