ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ

 








MNP - ဇွန်   ၅


၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမ ခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ယနေ့ကျရောက်သည့်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အလွန်ထူးခြား လေးနက်သည့် နေ့တစ်နေ့အဖြစ်မှတ်ယူကာ နှစ်စဉ်နှစ်တိုင်းကမ္ဘာ့နိုင်ငံ အသီးသီးမှာ အမျိုးသားအဆင့်၊ ဒေသအဆင့်ပတ်ဝန်းကျင်ထိန်းသိန်းရေး ဆိုင်ရာလှုပ်ရှား ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြသည်မှာ ယနေ့ထိဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို တစ်ခုတည်းသောကမ္ဘာမြေ (Only One Earth) ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ကျွန်ုပ်တို့အားလုံး မှီတင်းနေထိုင်ကြသော ကမ္ဘာပေါ်တွင်ရှိနေသည့်အပင်၊ တိရစ္ဆာန်နှင့် သဘာဝစွမ်းအင်အရင်းအမြစ်များ ရေရှည်တည်တံ့ရေးအတွက် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင့်ထိန်းသိမ်းရေးလှုပ်ရှားဆောင်ရွက်မှု လုပ်ငန်းများတွင် ပါဝင်၍ဖြစ်စေ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကို အထောက် အကူဖြစ်စေသည့် မိမိတို့၏ နေ့စဉ်ပြုမူနေထိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲ၍ဖြစ်စေ၊ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ခုလုံး၏ ပစ္စုပ္ပန်အကျိုး၊ အနာဂတ်အကျိုး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအကျိုးများအတွက် ယနေ့ကျရောက်သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သော တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth) ဆောင်ပုဒ်နှင့်အညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြပါဟု ပြောကြား သည်။


ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ထံမှပေးပို့သည့် ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆိုင်ရာ သဝဏ်လွှာဗီဒီယိုမှတ်တမ်း၊ ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး၏ အမှာစကား ဗီဒီယိုမှတ်တမ်းအားပြသသည်။ ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးတို့က ဆုများပေးအပ်ချီးမြှင့်ကြပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အသိပညာပေး ဗီဒီယိုမှတ်တမ်းကို ပြသခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အခမ်းအနားသို့တက်ရောက်လာကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ပြသထားသော ပြခန်းအားလှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)