၂၀၂၂ ခုနှစ်၊ နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ “ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ” ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော မြောက်ဦးဆရာတော် အား ထပ်ဆင့်ဂုဏ်ပြု ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ်၊ နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ “ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ” ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော မြောက်ဦးဆရာတော် အား ထပ်ဆင့်ဂုဏ်ပြု ပူဇော်


MNP ၊ ဇွန် ၄

၂၀၂၂ ခုနှစ်၊ နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယကချုပ် ဆရာတော် ပြည်တွင်း၊ ပြည်ပ နယ်လှည့် ဓမ္မကထိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ မြောက်ဦးဆရာတော် ဘဒ္ဒန္တ ဝါယာမိန္ဒ အား တပည့်သံဃာတော်များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဒါယကာ၊ ဒါယိကာမများက ထပ်ဆင့် ဂုဏ်ပြုပူဇော်သည့် ဂုဏဝိသိဠပူဇာမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်အနီးရှိ မြောက်ဦးဓမ္မစင်တာ ယာယီဓမ္မာရုံ၌ ပြုလုပ်ရာ စစ်တွေမြို့၊ ကြွဖြူဘုန်းတော်ကြီးကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တတေဇဝန္တ အမှူးပြု သော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက် ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြွဖြူ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရုပ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြ သည်။ ထို့နောက် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခြင်း ခံရသော မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒ ၏ ထေရုပ္ပတ္ပတ္တိအကျဉ်းကို ဆရာတော် ၏ တပည့် ဘဒ္ဒန္တက္ကုန္ဒာစရိယ ဖတ်ကြားပူဇော်၍ အရှင်သုန္ဒရဉာဏ က ဂုဏပူဇနိယ ဂါထာဖြင့် ရွတ်ဖတ်ပူဇော်သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်  တက်ရောက်လာကြသူများက နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘွဲ့တံဆိပ်တော်နှင့် အောင်လံတော်၊ ပြည်နယ်အစိုးရအဖွဲ့၏ ဂုဏဝိသိဠပူဇာ ထပ်ဆင့်ဂုဏ်ပြုလက်မှတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဂုဏဝိသိဠပူဇာ ထပ်ဆင့် ဂုဏ်ပြုလက်မှတ်၊ ဂုဏပူဇာအလှူတော်ငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် အလှူရှင်များက ဂုဏပူဇာအလှူငွေများကို ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းပြီး တက်ရောက်လာကြသူ များက စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမထံမှ အနုမောဒနာတရားနာယူကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)