MNP - ဇွန် ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ် ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် အတွင်းရှိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားကာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြပြီး ကချင်ပြည်နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပိုက်ကျော်ခြင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာဟန်ဝင်းသန်းမှ လက်ခံရယူ ခဲ့သည်။
ထို့နောက် ပြည်နယ်နှင့်တိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင် အဖွဲ့ဝင်များက သရုပ်ပြ ကစားခဲ့ကြကြောင်းနှင့် အဆိုပါ မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၂၄ ရက်မှ ၂၇ ရက်နေ့ထိ (၄)ရက်ကြာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ယော်ဆောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment