MNP ၊ ဇွန် ၆
ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေး အတွက် တောင်သူများအား ပညာပေးသင်တန်းပို့ချခြင်းကို ယနေ့ နံနက်ပိုင်းက (၄)မိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်ထွန်းမောင်က အဖွင့်အမှာစကား ပြော ကြားပြီး တောင်သူများအား ပညာပေး သင်တန်းပို့ချရခြင်း နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့ နောက် ပြည်နယ်ဦးစီးမှူးရုံးမှ ပိုးမွှားတာဝန်ခံ ဒေါ်အောင်မြကြည်က ပိုးသတ်ဆေးအမျိုးအစား များနှင့် စနစ် တ ကျ ကိုင်တွယ်သုံး စွဲ နည်း စနစ်များအား ပို့ချခြင်း ၊ မျိူးစေ့တာဝန်ခံ ဒေါ်တင်မြရီက မျိုးကောင်းမျိုးသန့် မျိုးစေ့ များ ထုတ်လုပ်ခြင်းများ သင်ကြားပို့ချကာ မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ဆွေအေးက သဘာဝမြေဩဇာ ပြု လုပ် သုံးစွဲနည်းများအား သင်ကြားပို့ချပေးခဲ့ကြရာ တောင်သူ(၃၉)ဦးတက်ရောက်ခဲ့ကြပြီး EM ဘိုကာရှီ ပြုလုပ် နည်းများကိုလည်း လက်တွေ့ပြသခဲ့ကြ ကြောင်းသိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment