ဘူးသီးတောင်မြို့၌ အခြေခံငါးမွေးမြူ ရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ အခြေခံငါးမွေးမြူ ရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်





MNP ၊ ဇွန် ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမြို့နယ် ဦးစီးမှူး ဦးဆန်းဝင် ဦးဆောင်၍ အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ ကကျဘက်ကံပြင်ရေချို ငါးသားဖောက်စခန်း၌ ကိုဗစ် -၁၉ညွန်ကြားချက်နှင့်အညီကျင်းပခဲသည်။

 ရှေးဦးစွာ ဘူးသီးတောင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင်ကအခြေခံငါးမွေးမြူ ရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းဆရာဖြစ်သည့် စခန်းတာဝန်ခံ ဦးကျော်လင်းထွန်းက ရေချိုးငါးဆေးထိုးရခြင်းနှင့်ပတ်သတ်၍ဘာသာရပ်အားဇွန်လ( ၂၅)ရက်နေ့မှ( ၂၆)ရက်နေ့နေ့ထိ သင်ကြားပို့ချမည်ဖြစ်ပါ၍ မိမိဌာနမှ နေ့စားဝန်ထမ်း( ၇)ဦး၊ငါးမွေးတောင်သူဦးရေ( ၂၇)ဦး စုစုပေါင်းသင်တန်းသား (၃၀)ဦး တက်ရောက်ကြပြီး  စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်သည်။

 ဘူးသီးတောင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖုံလှုံစေရန် ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်မားလာစေရန်နှင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူပြု ဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ကြောင့်မြို့နယ်ဦးစီးမှူးဦးဆန်းဝင်းထံမှသိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)