MNP - ဇွန် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အထက ၁ ကျောင်း၌ ယမန်နေ့နံနက် ၇ နာရီ အချိန်က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းသူ၊ ကျောင်းသားများ ခြင်အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးဌာနများတို့မှ ဝန်ထမ်း ၁၀၀ ဦးခန့်တို့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထက ၁ ကျောင်းဝင်းတွင်း/ပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ရှင်းလင်းခြင်း၊ စာသင်ဆောင်အတွင်း/အပြင် ခြင်ဆေးဖျန်းခြင်းများ စုပေါင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုကို ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်း - မိုင်းထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment