မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ






MNP - ဇွန်   ၂၄


မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် အား ကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် သင်္ချာအသင်းနှင့် ရူပဗေဒအသင်းတို့မှ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲကျင်းပရာ ပြိုင်ပွဲဝင်အားကစားသမားများက အကျိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်း သား/သူများ ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် သင်္ချာအသင်းမှ အားကစားသမား(၂)ဦးက(၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ သည်။


ယင်းနောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲတလျှောက် တာဝန်ယူဆောင်ရွက်ပေးကြသည့် ဒိုင်လူကြီးများအား ဂုဏ်ပြုလက်ဆောင်၊  အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ပထမ၊ဒုတိယနှင့်တတိယဆုရရှိကြသော အားကစားသမားများအား လည်ဆွဲဆုများကို ဒုတိယပါမော က္ခချုပ်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အားကစားသမားများအား မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက လည်ဆွဲဆုပေးအပ်ချီးမြှင့်သည်။ အဆိုပါပြိုင်ပွဲတို့တွင် ဘာသာရပ်(၁၂)ခုမှ အမျိုးသား/အမျိုးသမီး အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဇွန်လ(၂၁)ရက်မှ(၂၃)ရက်အထိ ကျင်းပခဲ့ ကြောင်း သိရသည်။


သတင်း - ခိုင်ထူး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)