ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မှာကြား




MNP - ဇွန် ၂၂


ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၂၀၂၂ ခုနှစ်၊ ဇူလိုင် လကုန်တွင် ကိုဗစ်ကာကွယ်ဆေး (CovidShield)ကို အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (Booster Dose) ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကာကွယ်ဆေးသက်တမ်းမကုန်ဆုံးမီ ကာလအတွင်း ဦးတည်အုပ်စုအလိုက် အကျုံးဝင်သူများကို ကာကွယ်ဆေး အသုံးပြုထိုးနှံပေးသွားရန်နှင့် ပြည်နယ်ကော်မတီနှင့် ခရိုင်/မြို့နယ် ကော်မတီများအနေဖြင့် အလေးထားကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျန်းမာရေးဌာနအနေဖြင့်လည်း သက်ဆိုင်ရာခရိုင်/မြို့နယ်များအလိုက် ကာကွယ်ဆေး ဖြန့်ခွဲပေးပို့သွားနိုင်ရေး စီမံ ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် စနစ်တကျချိတ်ဆက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရန် အကျုံးဝင်သူအားလုံး ရာနှုန်းပြည့် ပြီးစီးအောင်မြင်အောင် ထိုးနှံပေးနိုင်ရေး တပ်မတော်၊ အသင်းအဖွဲ့အသီးသီးနှင့် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြရန်လိုကောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးက တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များအတွင်း ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေနှင့် တပ်မတော်မှ လုံခြုံရေးရယူ ဝိုင်းဝန်းကူညီဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် တွဲဖက်အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပြည်နယ်အတွင်း ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပြီးစီးမှု အခြေအနေများ၊ ကာကွယ်ဆေးလက်ကျန်ထားရှိမှုနှင့် ခရိုင်/မြို့နယ်များအလိုက် ဖြန့်ဝေထားရှိမှုများနှင့် ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင့်နိုင်က ကာကွယ်ဆေး လွှမ်းခြုံ ထိုးနှံပေးနိုင်မှုနှင့် မြေပြင်တွင် ဆေးထိုးလုပ်ငန်းဆောင်ရွက်ပေးနေမှု၊ ကာကွယ်ဆေးဖြန့်ဝေ ဆောင်ရွက်ထားရှိသည့် အစီအမံများကို လည်းကောင်း၊ တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်များအလိုက် ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေး အကြိမ်ရေအလိုက် ထိုးနှံပြီးစီးမှုအခြေ အနေများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ထိုးနှံပေးသွားမည့် အစီအမံများကို အသီးသီး ရှင်း လင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံထိုးနှံပြီးစီးရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)