ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာ၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အထိမ်းအမှတ် တိရစ္တာန်အစာပင် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာ၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အထိမ်းအမှတ် တိရစ္တာန်အစာပင် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကျင်းပ

 


MNP - ဇွန်   ၂၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တိရစ္ဆာန်အစာ ပေါများစေရေးအတွက် ရည်ရွယ်ပြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေပီယာမြက် စိုက်ပျိုးခြင်းကို ယနေ့ နံနက်ပိုင်းက အလျင်လိုကျေးရွာအုပ်စု၊ အလျင်လိုကျေးရွာ၌ တောင်သူဦးထင်ကျော်လင်း (ACE Agriculture) ယာမြေတွင် ပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးထက်ထက်သာနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာနေ ပြည်သူများမှ တက်ရောက်ပါဝင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 


အဆိုပါ တိရစ္ဆာန်အစာပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသခံတောင်သူများ နွေရာသီအစာရှားပါးသည့် အချိန်တွင် ကျွဲ၊ နွား၊ တိရစ္ဆာန်များ အစာအာဟာရ လုံလောက်စေရန်၊ လွှတ်ကျောင်းစရာမလိုဘဲ ခြံလှောင်မွေးမြူပြီး ရိတ်ကျွေးနိုင်စေရန်၊ အစာအတွက် ကုန်ကျစရိတ်သက်သာပြီး မွေးမြူထုတ်လုပ်မှု တန်ဖိုး မြင့်မားလာကာ အမြတ်အစွန်း ပိုမိုရရှိနိုင်ကြောင်း၊ ကုန်ကျစရိတ် လျှော့ချနိုင်ခြင်းကြောင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ စိုက်ပေးရခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးထက်ထက်သာထံမှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)