ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပ



MNP - ဇွန်   ၄


ကရင်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်လာစေရေးအတွက် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးကို ဇွန်လ ၂ ရက်နေ့ မွန်လွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန်လိုအပ်ပြီး သို့မှသာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း၊  ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲသည့် လျှပ်စစ်နှင့်ပတ်သက်သော ရင်းနှီးမြှုပ်နှံလိုသည့် အဖွဲ့အစည်းများ၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် အဖွဲ့အစည်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များကို လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်ဖိတ်ခေါ်လိုကြောင်း၊ ယနေ့အစည်းအဝေးတွင် ဦးစားပေးရမည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသော ကော်မတီဝင်များက ညီနောင်ဦး ကုမ္ပဏီလီမိတက်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ UHM Development Co.,Ltd(ဇွဲကပင် Shopping Mall)၏ စာချုပ်မူကြမ်းစိစစ်မှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြပြီး ကရင်ပြည်နယ်၏ ဦးစားပေးမြှင့်တင်ရမည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ သတ်မှတ်ရန် ဆွေးနွေးခဲ့ကြကာ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)