နေပြည်တော်တွင် မြန်မာ့တိုင်းရင်းကြက်မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်တွင် မြန်မာ့တိုင်းရင်းကြက်မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်




MNP  - ဇွန်   ၂


မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် မြန်မာ့တိုင်းရင်း ကြက်မျိုးများအား မေထုန်မဲ့သားစပ်ပြုလုပ်၍ မျိုးထိန်းခြင်း၊ မျိုးပွားခြင်းနှင့် မျိုးမြှင့်တင်ခြင်းများ ပြုလုပ်နိုင်ရန်၊ ပေါင်းစည်း လယ်ယာစနစ်ဖော်ဆောင်နိုင်ရန်၊ တပိုင်တနိုင်မွေးမြူရေးစနစ်မှ စီးပွားဖြစ်မွေးမြူရေးစနစ်သို့ ကူးပြောင်းနိုင်ရန် ရည်ရွယ်၍ တိုင်းရင်းကြက်မေထုန်မဲ့ သားစပ်သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ကို(၃၀-၅-၂၀၂၂)ရက်မှ (၁-၆-၂၀၂၂) ရက်ထိ ဖွင့်လှစ်ခဲ့သည်။


အဆိုပါသင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရုံးချုပ်မှ အရာထမ်း/အမှုထမ်း သင်တန်းသား/ သင်တန်းသူ(၆)ဦးနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ တိုင်းရင်းကြက် မွေးမြူထားသူများနှင့်တိရိစ္ဆာန်ကျန်းမာရေး လုပ်သား(၅)ဦး၊ စုစုပေါင်း သင်တန်းသား/သူ (၁၁)ဦး အောင်မြင်စွာ သင်တန်းတက်ရောက်ခဲ့ပြီးဖြစ်သည်။


သင်တန်းတက်ရောက်ပြီးသော မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူများ ဖြစ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဌာနဝန်ထမ်းများကို ဆရာဖြစ်သင်တန်းဆက်လက်ဖွင့်လှစ်ခြင်း၊ တိုင်းရင်းကြက်မွေးမြူထားသူများနှင့် တိရိစ္ဆာန်ကျန်းမာရေးလုပ်သားများမှ မိမိတို့ဒေသအတွင်း တိုင်းရင်းကြက်  မေထုန်မဲ့သားစပ်ခြင်းနည်းပညာများအား ဆက်လက်ပြန့်ပွားအောင် ဟောပြောပွဲနှင့်လက်တွေ့ကွင်းဆင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)