စမ်းချောင်းမြို့နယ်၌ (၂၉)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ပထမနေ့ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်၌ (၂၉)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ပထမနေ့ ကျင်းပ

 



MNP - ဇွန်   ၇


ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၂၉)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက သီရိခေမာရပ်ကွက်ရှိ ကိုးထပ်ကြီးဘုရားရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစိုးရနိကာယ်စာမေးပွဲ ကျင်းပရာတွင် စမ်းချောင်းမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်များရှိ ကျောင်းတိုက်များမှ ပထမနေ့တွင်ဖြေဆိုရန် စာရင်းပေးသွင်းထားသော  သံဃာတော်နှင့်သီလရှင် (၂၉၂)ပါးရှိပြီး လာရောက်ဖြေဆိုသော သံဃာတော်(၂၀၆)ပါးနှင့် သီလရှင် (၁၅)ပါး ရှိကြောင်း မြို့နယ်သံဃနာယကအဖွဲ့မှ သိရသည်။


အဆိုပါ အစိုးရနိကာယ်စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ (၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုတော်မူသည့် ရဟန်းသံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဦးစီးကော်မတီနာယကအဖွဲ့ သြဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယက အဖွဲ့ဆရာတော်များ၊ နိကာယ်စာမေးပွဲကြီးကြပ်အဖွဲ့ ဆရာတော်များနှင့် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ခင်ငြိမ်းချမ်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)