ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလံနှစ်သိန်းသုံးသောင်းကျော်လှူဒါန်းခဲ့ပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလံနှစ်သိန်းသုံးသောင်းကျော်လှူဒါန်းခဲ့ပြီးဖြစ်

 




MNP - ဇွန်  ၃


မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ရွာသစ်တောင်ကျေးရွာနှင့်ရွာဇီးအိုင်တဲတိုက်သို့ ဇွန် ၃ ရက် နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ (၃၂၀၀)သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း အကျိုးတော်ဆောင်များထံက သိရသည်။


ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသောကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ရွာသစ်တောင်ကျေးရွာအတွက် သောက်သုံးရေဂါလံ(၁၆၀၀)နှင့်ဇီးအိုင်တဲတိုက်အတွက် သောက်သုံးရေဂါလံ(၁၆၀၀)လှူဒါန်းပေးနိုင်ခဲ့ရာဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့်သောက်သုံးရေးလိုအပ်နေသောကျေးရွာများသို့ သောက်သုံးရေဂါလံ (၂၃၅၂၀၀) ဂါလံလှူဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေအကျိုးတော်ဆောင်များထံက သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)