ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေ ဝင်ရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေ ဝင်ရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး




MNP - ဇွန်   ၁၈


ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် ခွန်သာရပ်ကွက်နှင့် ဆင်ကုန်းရပ်ကွက်သို့ ယနေ့ နံနက်ပိုင်းက မြစ်ရေတိုးဝင်လာပြီး အိမ်ထောင်စုအချို့အား တာဝန်ရှိသူများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


ဧရာဝတီမြစ်ရေတိုးဝင်လာမှုကြောင့် မြေနိမ့်ပိုင်းတွင် လူနေအိမ်ခြံဝန်းနှင့် လမ်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိပြီး ဗန်းမော်မြို့ ခွန်သာရပ်ကွက်၊ လက်ပန်းတန်းရပ်မှ အိမ်ထောင်စု(၉)မှ လူဦးရေ (၂၅) ဦးအား ခွန်သာရပ်ကွက်ရှိ လေးထပ်ဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း၊ အိမ်ထောင်စု (၁၂) စုမှ လူဦးရေ(၄၄)ဦးအား ခွန်သာရပ်ကွက်ရှိ မင်းစည်ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ ဆင်းကုန်းရပ်ကွက်မြေနိမ့်ပိုင်းရှိ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၃၈) ဦးတို့အား ဆင်းကုန်းရပ်ကွက်ရှိ မဟာဝိဟာရရံသီဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဗန်းမော်မြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးစည်သူအောင် ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁ဝ)ဦး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ခဲ့ကြောင်း သိရသည်။


ဗန်းမော်မြို့တွင် မိုးလေဝသနှင့်ဇလဗဒညွှန်ကြားမှုဦးစီးဌာနမှ ဇွန်လ ၁၇ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၌ (၉၉၇)စင်တီမီတာဖြစ်ပြီး ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ်မှာ (၁၁၅၀)စင်တီမီတာဖြစ်ကြောင်း သိရသည်။


သတင်း - ကိန်းဖြူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)