MNP - ဇွန် ၃၀
မလှိုင်မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ကျေးရွာမီးလင်းရေးကော်မတီအဖွဲ့များတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မလှိုင်မြို့နယ်တွင် ကျေးရွာ(၂၀၉)ရွာတွင် နိုင်ငံတော်မှ လျှပ်စစ်ဓါတ်အားသုံးစွဲလျက်ရှိကြောင်း၊ မိဘပြည် သူများအနေဖြင့် လစဉ်သုံးစွဲမီတာယူနစ်များ မှန်ကန်စေရေးအတွက် ကျေးရွာမီးလင်းရေးကော်မတီ အဖွဲ့မှ ဖတ်ကြားပြီး မြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ ပေးပို့ကာ ပေးသွင်းရမည့် ဓါတ်အားခဘေလ် စာရွက်များ ရရှိပါက ဓါတ်အားခ ကြွေးကျန်မရှိစေရေး ကူညီပံ့ပိုးကောက်ခံပေးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ ထို့နောက် လက်ထောက်မန်နေဂျာ(အင်/ယာ) ဦးလှမင်းသောင်းက ကျေးရွာများ တွင် ထုတ်ပေးထားသော မီတာအမျိုးအစားလိုက် မီတာယူနစ်ဖတ်ကြားနည်းများကို ပါဝါပွိုင့်ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဌေးသန်း၊ အတွင်းရေးမှူး ရဲမှူးထိန်လင်းမောင်နှင့် ခရိုင်လျှပ်စစ်မန်နေဂျာ ဦးအေးမင်းဝင်း တို့မှကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း(၁၁၂)ဦး၊ ကျေးရွာမီးလင်းရေးကော်မတီ(၆၂၇)ဦး စုစုပေါင်း(၇၃၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - အောင်ဌေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment