စစ်ကိုင်းမြို့တွင် မြို့၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် မြို့၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 


MNP - ဇွန်   ၁၈


စစ်ကိုင်းမြို့တွင် မြို့၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ပေါ်တော်မူ ဘုရားပရဝုဏ်အတွင်းနှင့် လေ့ကျင့်ရေး အထက်တန်းကျောင်းဝင်းအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့ များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များက ဘုရားဝင်းနှင့် ကျောင်းဝင်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းမြက်များ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများအတွင်း အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


စစ်ကိုင်းမြို့အနေဖြင့် မြို့၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် (စနေနေ့)တိုင်း ယခုလိုဌာနဆိုင်ရာများ စုပေါင်း၍ ဘုရားစေတီပုထိုးများ၊ ပြည်သူ့ဆေးရုံများ၊ စာသင်ကျောင်းများနှင့် အချက်အခြာကျသည့် လမ်းဘေးဝဲ/ ယာများတွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


သတင်း - ဇော်မြင့်နိုင်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)