(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မန္တလေးတိုင်းဂုဏ်ဆောင်အားကစားသမားများနှင့်နည်းပြများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မန္တလေးတိုင်းဂုဏ်ဆောင်အားကစားသမားများနှင့်နည်းပြများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 




MNP - ဇွန်   ၉


(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မန္တလေးတိုင်းဂုဏ်ဆောင်အားကစားသမားများနှင့်နည်းပြများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ မန္တလေးတိုင်းကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမား ၃၃ ဦး၊ နည်းပြ ၆ ဦး စုစုပေါင်း ၃၉ ဦးတို့အား မန္တလေးမြို့ ဗထူးအားကစားကွင်းမှ မော်တော်ယာဉ်များဖြင့် ၇၁ လမ်း၊ ၃၀ လမ်းမှ ၆၆ လမ်း၊ ၂၆ လမ်းအထိ လမ်း ၃၀ တစ်လျှောက်၊ ၆၆ လမ်းတစ်လျှောက်နှင့် ၂၆ လမ်းတစ်လျှောက်တို့တွင် လှည့်လည်အောင်ပွဲခံခဲ့ရာ လုပ်သားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများက လမ်းဘေးဝဲယာတို့မှ မြန်မာနိုင်ငံအလံများဝှေ့ယမ်း၍ လည်းကောင်း၊ ပန်းကုံးများစွပ်၍လည်းကောင်း ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။


ထို့နောက် မြို့တော်ခန်းမအဝင်ဝတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများက ပန်းကုံးစွပ်ကြိုဆိုနှုတ်ဆက်ကြသည်။


ဆက်လက်၍ ဂုဏ်ပြုပွဲအခမ်းအနားကို မြို့တော်ခန်းမတွင်ကျင်းပရာ ပြိုင်ပွဲဝင်အားကစား သမားများနှင့်နည်းပြများအား တစ်ဦးချင်းမိတ်ဆက်ပေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကိုက ဂုဏ်ပြုအမှာစကားပြောကြားသည်။


ယင်းနောက် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဆုရအားကစားသမားများအား ဂုဏ်ပြုဆုများချီးမြှင့်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပိုက်ကျော်ခြင်းရွှေတံဆိပ်ဆုရမခင်နှင်းဝေနှင့် ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ အရာခံဗိုလ်ဇော်ဇော်တို့အားလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးက ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ဒုအရာခံဗိုလ်ဇော်လင်းထွန်းနှင့် ဝူရှူးပြိုင်ပွဲရွှေတံဆိပ်ဆုရ တပ်ကြပ်ကြီးသိန်းသန်းဦးတို့အားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေက ဝူရှူးပြိုင်ပွဲငွေတံဆိပ်ဆုရ မဆုလှိုင်ဝင်းနှင့် ဘိလိယက်/ စနူကာပြိုင်ပွဲ ငွေတံဆိပ်ဆုရ မောင်မင်းစည်သူထွန်းတို့အားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက သေနတ်ပစ်ပြိုင်ပွဲငွေတံဆိပ်ဆုရ ဗိုလ်ကြီးချစ်စိုးနွယ်နှင့် လှေလှော်ပြိုင်ပွဲ ငွေတံဆိပ်ဆုရ မောင်ထွန်းမင်းသန့်တို့အားလည်းကောင်း၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးကျော်ဆန်းက ပိုက်ကျော်ခြင်းပြိုင်ပွဲကြေးတံဆိပ်ဆုရ မခင်နှင်းဝေအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေးက ပီတန်းပြိုင်ပွဲကြေးတံဆိပ်ဆုရ မောင်ထွေးကိုကိုအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးဦးမျိုးအောင်က မြားပစ်ပြိုင်ပွဲကြေးတံဆိပ်ဆုရ မယမင်းသူအား လည်းကောင်း၊ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ဗိုဗီနမ်အားကစားနည်းပြ ဦးကျော်မင်းထွန်းအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်က ဘိလိယက်/ စနူကာနည်းပြဦးမျိုးတင့် (ခေါ်) ဦးကျောက်ခဲအားလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်က ဝူရှူးအားကစားနည်းပြ ဒေါ်မြတ်သက်ဆုဝေဖြိုးအားလည်းကောင်း ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။


၎င်းနောက် နိုင်ငံ့ဂုဏ်ဆောင်ဆုရအားကစားသမားများကိုယ်စား ဝူရှူးရွှေတံဆိပ်ဆုရှင် တပ်ကြပ်ကြီးသိန်းသန်းဦးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က အားကစားသမား၊ နည်းပြများနှင့် တက်ရောက်လာသူများအား လက်ဖက်ရည်၊ မုန့်များဖြင့် တည်ခင်းဧည့်ခံရာ မန္တလေးမြို့ဂုဏ်ဆောင် နိုင်ငံကျော်မြို့မတီးဝိုင်းမှ သာယာနာပျော်ဖွယ် တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။


သတင်း - ထိပ်ထားနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)