ဒက္ခိဏသီရိမြို့နယ်၌ မိုးရာသီတိရိစ္ဆာန်အစာပင် နေပီယာမြတ်သရုပ်ပြစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒက္ခိဏသီရိမြို့နယ်၌ မိုးရာသီတိရိစ္ဆာန်အစာပင် နေပီယာမြတ်သရုပ်ပြစိုက်ပျိုး



MNP - ဇွန်   ၂၃


၂၀၂၂ ခုနှစ် မိုးရာသီတိရိစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ နေပီယာမြတ် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ကျောက်ခဲအင်းကျေးရွာရှိ တောင်သူ ဦးထိန်လင်း၏ ယာမြေတစ်ဧက၌ ကျင်းပသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထက်မမဖြိုးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံတိရိစ္ဆာန်ကျန်းမာရေး လုပ်သား များနှင့် ကျေးရွာပြည်သူများက တက်ရောက်ပါဝင်စိုက်ပျိုးပေးခဲ့သည်။


ထို့နောက် သရုပ်ပြပွဲအပြီးတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တောင်သူများအား မွေးမြူရေးဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။


အဆိုပါ တိရိစ္ဆာန်အစာပင် နေပီယာမြတ်အား နွေရာသီအစာရှာပါးသည့်အချိန်တွင် ကျွဲ၊နွား၊ တိရိစ္ဆာန်များ အစာအဟာရလုံလောက်စေရန်၊ လွှတ်ကျောင်းစရာမလိုဘဲ ခြံလှောင်မွေးမြူပြီး ရိတ်ကျွေး နိုင်သောစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်စေရန်၊ ပိုလျှံသောမြတ်များကို အစာချဉ်ဖတ် ပြုလုပ်၍ အစာရှားပါးချိန်တွင် ကျွေးမွေးနိုင်စေရန်၊ မွေးမြူသူတောင်သူများအနေဖြင့် အောင်မြင်သောမွေးမြူရေး လုပ်ငန်းဖြစ်ထွန်းစေရန်အတွက် အစာကုန်ကျစရိတ် လျော့ချနိုင်စေရန်၊ မွေးမြူရေးလုပ်ငန်းမှ အမြတ်အစွန်း များစွာရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။


သတင်း - အောင်ကိုကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)