ဗန်းမော်မြို့တွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ


MNP - ဇွန်   ၄


ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ဗန်းမော်မြို့ နည်းပညာတက္ကသိုလ် (ဗန်းမော်)၌ ပျိုးပင်ပေါင်း(၁၂ဝဝ)ပင်ကို ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သစ်ပင်စိုက်ပျိုးပွဲတော်တွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်တို့က ပင်ပျိုးများကို ဖြန့်ဝေပေးပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ဗန်းမော်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မော်ဦးနှင့် ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ် (ဗန်းမော်) မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းအောင်နှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက ကျွန်း(၁၅ဝ)ပင်၊ မန်ဂျန်ရှား(၃၀၀)ပင်၊ မဟော်ဂနီ (၂၅၀)ပင်၊ ရေတမာ(၁၀၀)ပင်၊ ချယ်ရီ(၁၀၀)ပင်၊ ကံ့ကော်(၁၀၀)ပင်၊ ပိတောက်(၁၀၀)ပင်နှင့် ခရေ(၁၀၀)ပင် စုစုပေါင်းပျိုးပင်(၁၂၀၀)ပင်တို့ကို သတ်မှတ်နေရာအသီးသီး၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - ကိန်းဖြူ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)