MNP ၊ ဇွန် ၂၆
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက် ၁၀း၃၀ နာရီက သံတွဲခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် (Community Centre)အကောင်အထည်ဖေါ်ဆောင်ရွက်မှု အခြေအနေများကိုရှင်းပြောကြားသည်။ ထို့နောက် ဒိုင်ချုပ် ဦးအောင်ကျော်သိန်းက ပြိုင်ပွဲဝင်ကျောင်းသား ၊ကျောင်းသူ များအား ပြိုင်ပွဲအမှတ်ပေး စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍စာစီစာကုံးပြိုင်ပွဲကိုကျင်းပရာတွင် သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၃)ဦးက “မူယစ်ဆေးဝါးအန္တရာယ်စုပေါင်းကာကွယ်” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ခဲ့ကြရာ အထက (ငပလီ)ကျောင်းမှ Grade-10 ကျောင်းသူ မလေပြေဦး က ပထမ၊ အထက(ခွဲ)မြို့မကျောင်း Grade-7မှ မောင်မိုးဖုန်းပြည့်ခန့်က ဒုတိယ၊ အထက(၁)Grade-8မှ မမြတ်စန္ဒီက တတိယဆု၊ အထက(၂)ကျောင်း Grade-8မှမောင်ကောင်းခန့်လှိုင် နှင့် Grade-9မှ မောင်မြတ်ဖုန်းပြည့်စုံတို့က နှစ်သိမ့်ဆုများကို အသီးသီးရရှိခဲ့ကြောင်းသိရသည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲ ဆုရရှိသည့်ကျောင်းသား/သူလေးများ အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့်တာဝန်ရှိသူများ၊မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဒေါ်ဝင်းမြတ်ဖြူတို့က ဆုများအသီးသီးချီးမြှင့် ပေးခဲ့ ကြသည်။
အခမ်းအနားအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အခမ်းအနားတက်ရောက်လာကြသူများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အသိပညာပေး နံရံကပ်စာစောင်နှင့် (Community Centre)အကောင်အထည်ဖေါ် ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်၊စာစောင်ခင်းကျင်းပြသထားရှိမှု များကို လှည့်လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment