မိတ္ထီလာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ



MNP - ဇွန်   ၁၈


မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မိတ္ထီလာမြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်းဘေးဝဲယာတွင် ကျင်းပခဲ့ကြောင်း သိရသည်။


သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေး၊ သစ်တောသစ်ပင်များကို အလေးထား တတ်စေရန်နှင့် စိမ်းလန်းစိုပြေသာယာဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့ စသည့် ရည်ရွယ်ချက်ဖြင့် မိတ္ထီလာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ သူနာပြုသင်တန်းကျောင်းမှ သူနာပြုဆရာမများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများက မိတ္ထီလာမြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းဘေး ဝဲယာ တွင် တမာ၊ စိန်ပန်း၊ သပြေဘူတ၊ သင်္ဘောကုက္ကို၊ ငုဝါစသည့် အပင်ပေါင်း ၃၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)